Petition updateStop Using Myanmar Court Dress as Thai Costumes in 'Scarlet Heart Thailand'

အပ်ဒိတ် (Update) - ပြည်သူများ၏ တူညီသောဆန္ဒနှင့် ဆက်လက်ချီတက်မည့် အဆင့်များ

DatarrX FoundationMandalay, Myanmar (Burma)
Oct 25, 2026

ကျေးဇူးတင်လွှာနှင့် အပ်ဒိတ် -

GMMTV ၏ တရားဝင် ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် DatarrX Foundation နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသော ပြည်သူများ၏ ဆန္ဒသဘောထားကို ကောက်ယူခဲ့ရာ (၄) နာရီအတွင်း လူဦးရေ (၂) သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၉၉.၈% ကျော်မှာ အဆိုပါ တောင်းပန်စာအပေါ် ကျေနပ်မှု မရှိကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြသခဲ့ကြပါသည်။

ဤကမ်ပိန်သည် GMMTV ကုမ္ပဏီနှင့် မည်သည့်အခါမျှ သက်ဆိုင်ခြင်းမရှိဘဲ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ကာကွယ်လိုသည့် လွတ်လပ်သော အဖွဲ့အစည်းနှင့် ပြည်သူလူထု ကိုယ်တိုင် ဦးဆောင်ဖော်ဆောင်နေခြင်း ဖြစ်ပါသည်။ ဖြေဆိုသူများ၏ ကိုယ်ရေးအချက်အလက် (Personal Data) တစ်စုံတစ်ရာကို လုံးဝ စုဆောင်းထားခြင်း မရှိပါ။

ပြည်သူများ၏ တရားဝင် တောင်းဆိုချက်မှာ ရှင်းလင်းပါသည်။ ဇာတ်ကားနာမည်ကို "Scarlet Heart Asia" ဟု ပြောင်းလဲရန် (သို့မဟုတ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစိတ်အပိုင်းများကို လုံးဝ ဖယ်ရှားပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ယဉ်ကျေးမှု ဂုဏ်သိက္ခာအတွက် ဆက်လက်၍ ဤ Petition လင့်ခ်မှတစ်ဆင့် ဝိုင်းဝန်းလက်မှတ်ထိုး ပံ့ပိုးပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

Thank You and Community Update:

Following GMMTV’s official statement, DatarrX Foundation launched an urgent public survey to measure true community sentiment. In less than 4 hours, over 20,000 respondents participated, with 99.8% stating they are deeply unsatisfied with the company's response.

We wish to reiterate that this campaign is completely independent and unaffiliated with GMMTV. It is a grassroots initiative driven entirely by people dedicated to preserving Myanmar's cultural heritage. No personal data or private information is ever collected.

The public's demand remains firm and clear: either rename the series to "Scarlet Heart Asia" or completely remove all Myanmar cultural elements.

We urge everyone to continue standing with us by signing and sharing our second-phase petition:

  1. Second-Phase Official Petition: https://www.change.org/p/rename-scarlet-heart-thailand-or-remove-myanmar-cultural-elements
Copy link
WhatsApp
Facebook
Nextdoor
Email
X