ဂျပန်အနေဖြင့် ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းမှ တာဝန်ယူမှုအပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိထွက်ခွာပေးရန်လိုအပ်

The Issue
#မြန်မာစစ်တပ်နဲ့ ဘယ်လိုစီးပွားရေးမှ ထပ်မလုပ်ပါနဲ့
We have closed this online signature campaign on November 30, 2022. The final number of signatures was 12,461 and was submitted to Japanese government and companies. Thank you for your cooperation!
Deadline: 30 နိုဝင်ဘာလ, 2022
ဂျပန်အစိုးရ၊ ENEOS နှင့် Mitsubishi Corporation တို့အနေဖြင့် ရဲတံခွန်သဘာဝဓါတ်ငွေ့ စီမံကိန်းမှ တာဝန်ယူမှုအပြည့်ဖြင့် ဂုဏ်သိက္ခာရှိစွာ ထွက်ခွာပေးရမည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း ဒီမိုကရေစီလိုလားသော မြန်မာပြည်သူလူထုများအား အကြမ်းဖက်ဖြိုခွင်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေသော်လည်း စစ်ကောင်စီ၏ ဝင်ငွေအရင်းအမြစ်ဖြစ်သော ရဲတံခွန် သဘာဝဓါတ်ငွေ့ စီမံကိန်းမှ ရပ်ဆိုင်းနှုတ်ထွက်ပေးရန် ဂျပန်အစိုးရ နှင့် ENEOS တို့မှ ဆုံးဖြတ်ထားခြင်းမရှိသေးပါ။ ၎င်းတို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သော Mitsubishi Corporation သည် နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းကြေငြာချက်များ ပေါ်ထွက်နေပါသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကို ချိုးဖောက်မှုများအား မနှစ်မြို့သည့်အတွက် ၎င်းတို့၏ လုပ်ငန်းများ ကို မြန်မာ့စီးပွားရေးမှ နှုတ်ထွက်ရပ်ဆိုင်းနေကြသော်လည်း Mitsubishi Corporation နှုတ်ထွက်ရသော အကြောင်းအရင်းမှာ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှူကြောင့်မဟုတ်ပဲ အမြတ်အစွန်းများ ကျဆင်းလာသောကြောင့်သာ ဖြစ်သည်။
စစ်ကောင်စီ၏အကြမ်းဖက်မှုမှာ အာဏာသိမ်းဖြစ်စဉ်မှစတင်ခဲ့ခြင်းမဟုတ်ပဲ ပဋိပက္ခများ ဖြစ်ပွားလျှက် ရှိနေသော တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသများတွင် နှစ်ပေါင်းဆယ်နှင့်ချီကာ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကိုင်တိုင်းရင်းသား လူနည်းစုများအား သုတ်သင်ရှင်းလင်း သော စစ်ဆင်ရေးအဖြစ် သာမာန်အရပ်သားပြည်သူများအား အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ နေထိုင်ရာ နေရာများအားရွှေ့ပြောင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားကျူးလွန်ခြင်းများနှင့် တရားမဲ့ သတ်ဖြတ်ခြင်းများ ပြုလုပ်နေခဲ့ပြီး ယခုအချိန်အထိ လူပေါင်း မြောက်များစွာ အပြစ်မဲ့ အစတေးခံနေခဲ့ရ ပါသည်။
အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အထက်ပါစစ်ဆင်ရေးများ၏ အခြေအနေမှာ ပိုမိုးဆိုးရွားလာနေပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါလအထိ စုစုပေါင်း လူဦးရေ (၈၀၀,၀၀၀) ရှစ်သိန်းကျော်မှာ စစ်ဘေးဒုက္ခသည်များဘဝ ကျရောက်နေကာ ထိုအထဲမှ (၄၄၀,၀၀၀) နီးပါးမှာ အာဏာသိမ်းဖြစ်စဥ်နောက်ပိုင်းတွင် တိုးပွား လာသည် ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပြန်ထားပါသည်။ (၁)
ထိုကဲ့သို့ စစ်ကောင်စီမှ အကြမ်းဖက်လုပ်ရပ်များကို နှစ်ပေါင်းများစွာကျူးလွန်နိုင်နေရခြင်းမှာ ဝင်ငွေအရင်း အမြစ် ရှိနေသောကြောင့်သာ ဖြစ်ပါသည်။ စစ်ကောင်စီသည် ယခင်စစ်အစိုးရလက်ထက်များကတည်းက ကိုယ်ပိုင်စီးပွားရေးနယ်ပယ်ကို တည်ဆောက်ကာ အကြမ်းဖက်လုပ်ရပ်များအတွက် အရင်းအမြစ်များ ပြု လုပ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ စစ်တမ်းအရ စစ်ကောင်စီ သည် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများမှ ရရှိနေသောအမြတ်ငွေများကို တိုင်းရင်းသား လူနည်းစုများအား သုတ်သင်ရှင်းလင်းခြင်းစစ်ဆင်ရေးများအတွက်ထောက်ပံ့နေခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။ (၂)
ဂျပန်နိုင်ငံသည်လည်း အဆိုပါစီးပွားရေးလုပ်ငန်းများဖြင့် ကင်းလွတ်ခြင်း မရှိပါ။ ထိုစီးပွားရေးလုပ်ငန်းများ ထဲတွင် ၁၉၉၀ ခုနှစ်ကာလက စတင်ခဲ့သော ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထိုစီမံကိန်းလုပ်ကွက် မှ ရရှိသော ဓါတ်ငွေ့များသည် တိုင်းရင်းသားလူနည်းစုများ နေထိုင်သော ဒေသကို ဖြတ်သန်းကာ ပိုက်လိုင်းဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တင်ပို့နေခဲ့ခြင်း ဖြစ်သည်။ (၃)
မြန်မာနိုင်ငံတွင် ကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ကွက် (၄) ခု ရှိပြီး ထိုလုပ် ကွက်များမှ အမြတ်အစွန်း များစွာ ရရှိနေခြင်းဖြစ်သည်။ အာဏာသိမ်းကြိုးပမ်းမှုဖြစ်စဥ် မတိုင်မီကာလ က အစိုးရအခွန်အခ တရားဝင်ရရှိငွေ၏ (၁၀) ရာခိုင်နှုန်းဖြစ်ကာ စစ်အာဏာရှင်လက်ထက် အထူးသဖြင့် ၂၀၀၀ ခုနှစ်ကာလတွင် စစ်ကောင်စီ၏ အင်အားချဲ့ထွင့်မှုအတွက် အထောက်အကူပြုနေပြီး အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ထိုဝင်ငွေအရင်းအမြစ်များကို စစ်ကောင်စီက သိမ်းပိုက်ထိန်းချုပ်နေ ခြင်းသာ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၏ NGOs အဖွဲ့အစည်းများမှ တိုင်ကြားခဲ့သည့် စာ (၄) တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၁) ရက်နေ့မှ (၆) လတာ ကာလအတွင်း ရဲတံခွန်စီမံကိန်း မှ ဝင်ငွေ အမေရိကန် ဒေါ်လာ (၂၂.၃၇)သန်း ကို စစ်ကောင်စီမှ ထိန်းချုပ်ထားကြောင်း သိရှိရသည်။ ထိုလုပ်ငန်းများ ဆက်လက် လည်ပတ်နေနိုင်သမျှကာလပတ်လုံး စစ်ကောင်စီ၏ ဝင်ငွေများသည်လည်း ဆက်လက်တိုးပွား နေမည်သာ ဖြစ်ပါသည်။
ရဲတံခွန်စီမံကိန်းကို မလေးရှား အစိုးရပိုင် Petronas Charigari ဦးဆောင်သော ဖက်စပ်ကုမ္ပဏီမှ လုပ်ငန်း လည်ပတ်စေပြီး အခြားရှယ်ယာဝင်များမှာ ထိုင်းနိုင်ငံမှ PTTEP၊ Nippon Oil Exploration (Myanmar) နှင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ ဖြစ်သည်။ ယင်းတို့အနက် ဂျပန်အစိုးရ (စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန)၊ ENEOS ၏ လုပ်ငန်းခွဲ ဖြစ် သော Nippon Oil Exploration (Myanmar) နှင့် Mitsubishi Cooperation (၅) တို့အကြား ဖက်စပ်လုပ်ငန်း ဖြစ်သည်။ ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ရဲတံခွန်စီမံကိန်းမှ ရရှိသော ဝင်ငွေများကို အကြမ်းဖက်စစ်တပ်သို့ မစီးဆင်းစေရန် အပါအဝင် လုပ်ငန်းနှင့် ဆက်စပ်သည့် ငွေပေးချေမှုအားလုံးကို ထုတ်ဖော်ပြောကြားပေးရန် ကျွန်ုပ်တို့မှ တောင်းဆိုထားပါသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူမည်သူကမျှ တိကျသေချာသောခြေလှမ်းများ ကို အကောင်အထည်ဖော်ဆောင်ခြင်း မရှိသည့်အပြင် ငွေပေးချေမှုကိစ္စများကို တိကျစွာ ထုတ်ဖော်ပြော ကြားခြင်းများ မရှိခဲ့သေးပါ။
Mitsubishi Cooperation သည် နှုတ်ထွက်မည် ဖြစ်ကြောင်း ကြေငြာခဲ့ပြီး နောက် စီးပွားရေး၊ ကုန်သွယ် ရေးနှင့်စက်မှုဝန်ကြီးဌာနမှာလည်း နှုတ်ထွက်ရန် စဥ်းစားနေကြောင်း သိရပါသည်။ လက်ရှိ အခြေအနေအရ ထိုစီးပွားရေးလုပ်ငန်းများမှ နှုတ်ထွက်လိုက်ရုံမျှဖြင့် နောက်ပိုင်းတွင် စီမံကိန်းအတွက် ပေးဆောင်ရမည့် အခွန်အခများနှင့် ဝင်ငွေများမှာ စစ်ကောင်စီလက်ထဲသို့ ရောက်ရှိမည် ဖြစ်သဖြင့် ထိုသို့ ထွက်ခွာခြင်းသည် တာဝန်ယူမှုကင်းမဲ့စွာ တနည်းအားဖြင့် ဂုဏ်သိက္ခာကင်းမဲ့စွာ နှုတ်ထွက်ခြင်းသာ ဖြစ်ပါလိမ့်မည်။
ထို့အပြင် ရဲတံခွန်စီမံကိန်းသည် အမြတ်အစွန်း နည်းပါးလျော့ကျလာခြင်းနှင့်အတူ တူးဖော်ရေးစာချုပ် သည်လည်း နောက်နှစ်အနည်းငယ်အတွင်း သက်တမ်းကုန်ဆုံးမည်ဟု သိရှိရပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဓါတ်ငွေ့လုပ်ကွက်များအား စနစ်တကျပိတ်သိမ်းခြင်းမပြုလုပ်ပါက သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာဆိုးကျိုးသက်ရောက်မှုများ ကြီးမားလာနိုင်မည့်အန္တရာယ်လည်း ရှိနေသည်။ ၎င်းတို့ စီပွားရေးလုပ်ငန်းများမှ ကြီးမားသော အမြတ်အစွန်းများ ရရှိနေခဲ့သော ကုမ္ပဏီများနှင့် ဂျပန်အစိုးရတို့ သည် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာ့မျိုးဆက်သစ်များအား ထိုကဲ့သို့သော ဘေးအန္တရာယ်များ ကျရောက်စေမည်ကို လိုလားမည်မဟုတ်ပါ။
သို့ဖြစ်ပါ၍ ဂျပန်အစိုးရ၊ ENEOS (JX Nippon Oil & Gas Exploration) နှင့် Mitsubishi Cooperation တို့သည် အောက်ပါ အချက်များကို ဆောက်ရွက်ကာ တာဝန်သိသိ ဂုဏ်သိက္ခာရှိစွာ ရုတ်သိမ်းပေးရန် ကျွန်ုပ်တို့က တိုက်တွန်းလိုက်ပါသည်။
- နှုတ်ထွက်ချိန်တွင် ရဲတံခွန်စီမံကိန်း၏ အမြတ်ငွေများကို အကြမ်းဖက်စစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ မရောက်ရှိအောင် တားဆီးပေးရန်
- ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် သဘာဝပတ်ဝန်းကျင်ကို လျစ်လျူရှုသည့် အကြမ်းဖက် စစ်တပ်ထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE သည် လုပ်ကွက်များကို စနစ်တကျပိတ်သိမ်းမည့် အစီအမံများ ဆောင်ရွက်မည်လိမ့်မည် မဟုတ်ပါ။ ရဲတံခွန် စီမံကိန်းမှ အမြတ် အစွန်းများ ရရှိထားသော ဂျပန်ကုမ္ပဏီများသည် အခြား ဖက်စပ်လုပ်ငန်းများနှင့် ပူးပေါင်း၍ သဘာဝ ဓါတ်ငွေ့ လုပ်ကွက်များကို ပိတ်သိမ်းရန်အတွက် တာဝန်ယူ လုပ်ဆောင်ပေးရန်
မှတ်စုများ-
(၁) “UNHCR steps up aid for displaced in Myanmar as conflict intensifies”
(၂) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၊ မြန်မာစစ်တပ်အကျိုး ပြု စီပွားရေးများ (သြဂုတ် ၅၊ ၂၀၁၉)
(၃) ထိုင်းနိုင်ငံသို့ ပို့ဆောင်သည့် ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဥ်ကာလများအတွင်း လက်နက်ကိုင်တပ်ဖွဲ့များက လမ်းကြောင်းတစ်လျှောက်တပ်စွဲကာ နေထိုင်သူများအား အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းစေခြင်း၊ အတင်းအကြပ်လုပ်အားပေးခိုင်းစေခြင်း၊ လူယက်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း နှင့် ဖမ်းဆီး နှိပ်စက် အကျဥ်းချ ကွပ်မျက်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။ နှစ်အနည်းငယ်အကြာ တွင် တပ်ဆင်သည့် ရဲတံခွန်စီမံကိန်း ဓါတ်ငွေ့ပိုက်လိုင်းကိုလည်း ထိုလမ်းကြောင်းတွင်ပင် တပ်ဆင်ခဲ့သည်။
(၄) Justice For Myanmar. (2021/12/16) “Leaked documents show Min Aung Hlaing personally concerned over oil and gas payments.”
(၅) ရဲတံခွန် သဘာဝဓါတ်ငွေ့စီမံကိန်း၏ အကျိုးစီးပွားများမှာ -
မလေးရှားအစိုးရပိုင် Petronas Charigari မှ (၄၀.၉)%
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE မှ (၂၀.၅)%
ဂျပန်ကုမ္ပဏီ Nippon Oil Exploration (Myanmar) မှ (၁၉.၃)%
ပိုင်ဆိုင်ထားသည်။
Nippon Oil Exploration (Myanmar) သည်
ဂျပန်အစိုးရ (စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်းကြီးဌာန) မှ (၅၀)%
JX Nippon Oil & Gas Exploration မှ (၄၀)% နှင့်
Mitsubishi Corporation (၂၀၁၃ ခုနှစ်) မှ (၁၀)%
ပိုင်ဆိုင်သည့် ဖက်စပ် လုပ်ငန်းဖြစ်သည်။ JX Nippon Oil & Gas Exploration သည် ENEOS ၏ ရာနှုန်းပြည့် ပိုင်ဆိုင်သော လုပ်ငန်းခွဲ တစ်ခု ဖြစ်သည်။
လှုပ်ရှားမှုအားကူညီထောက်ပံ့သူများ။ ayus: Network of Buddhists Volunteers on International Cooperation, FoE Japan, Japan International Volunteer Center, Network Against Japan Arms Trade, Mekong Watch
မြန်မာနိုင်ငံအတွင်းမှ လူအခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့ အထိ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်များအရ ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၁,၅၀၇) ဦး သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ (၈,၈၉၉) ဦးမှာ ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးနှိပ်စက် ခံနေရဆဲဖြစ်သည်။ Assistance Association for Political Prisoners, Daily Briefing in Relation to the Military Coup, February 1, 2022: https://aappb.org/?p=19961
၂၀၂၁ ခုနှစ် ဇူလိုင်လ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီအစဥ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာတွင် “အာဏာသိမ်းကြိုးပမ်းခဲ့ချိန်မှစ၍ အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များသည် လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊အကြမ်းဖက်ဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အတင်းအကြပ် ရွှေ့ပြောင်းစေမှုနှင့် စစ်ရာဇဝတ်မှုများကဲ့သို့သော ဆိုရွားသော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်” ဟု ဖော်ပြထားသည်။
Report of the Independent Investigative Mechanism for Myanmar, p.9, July 5, 2021:
https://reliefweb.int/report/myanmar/report-independent-investigative-mechanism-myanmar-ahrc4818
မြန်မာနိုင်ငံအတွင်းရှိ သဘာဝဓါတ်ငွေ့စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များ
EU Council Decision (CFSP) 2022/243 of 21 February 2022 (MOGE added to the list of entities subject to EU sanctions):
https://eur-lex.europa.eu/legal-content/EN/TXT/PDF/?uri=CELEX:32022D0243&from=EN
Nikkei Asia. "Mitsubishi Corp. to offload interest in Myanmar gas field". (Feb. 18, 2022)
Reuters. "Mitsubishi, Petronas to sell stakes in Myanmar Yetagun gas field". (Feb. 18, 2022)
https://jp.reuters.com/article/myanmar-gas-mitsubishi-petronas-idCNL1N2UT0GZ
Offshore Technology. "Mitsubishi and Petronas to exit from Yetagun gas project in Myanmar ". (Feb. 21, 2022)
https://www.offshore-technology.com/news/mitsubishi-petronas-exit-myanmar/
Statements by civil society organizations: Request to the Minister of Economy, Trade and Industry from Mekong Watch and FoE Japan, September 15, 2021
http://www.mekongwatch.org/PDF/rq_20210915_Eng.pdf
Mekong Watch, FoE-J and JFM cautiously welcome Mitsubishi Corporation’s withdrawal from the Yetagun project and call for responsible disengagement (press release), February 18, 2022
http://www.mekongwatch.org/PDF/pr_20220218_Eng.pdf
Japan must stop funding the Myanmar military to stop atrocities! (signature campaign on Change.org)
Myanmar’s MOGE included in new EU sanctions: Japanese government and companies must swiftly and responsibly withdraw from gas joint venture (press release), February 22, 2022

Petition Closed
Share this petition
The Decision Makers
Petition Updates
Share this petition
Petition created on April 8, 2022