အောင်မြင်မှုကြေညာချက် - ဇာတ်ကားအမည် ပြောင်းလဲနိုင်ခဲ့ခြင်း

အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ခဲ့သော DatarrX ဖောင်ဒေးရှင်း၏ ဦးဆောင်မှုနှင့် မြန်မာပြည်သူတစ်ရပ်လုံး၏ စုပေါင်းအသံ၊ ခိုင်မာသော စစ်တမ်းဒေတာများ၊ နှင့် Change.org petition မှတဆင့် တောင်းဆိုခဲ့ကြသော တောင်းဆိုချက်များသည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အောင်မြင်စွာ ရရှိခဲ့ပြီ ဖြစ်ပါသည်။
GMMTV ကုမ္ပဏီဘက်မှ အများပြည်သူ၏ တောင်းဆိုချက်နှင့်အညီ "Scarlet Heart Thailand" ဇာတ်လမ်းတွဲ၏ အမည်ကို ဒေသတွင်း ယဉ်ကျေးမှုများ တန်းတူညီမျှစွာ ကိုယ်စားပြုနိုင်သည့် "Scarlet Heart Ullavee" သို့ တရားဝင် ပြောင်းလဲသတ်မှတ်ခဲ့ပြီ ဖြစ်ပါသည်။
ဤကဲ့သို့ ကော်ပိုရိတ် တာဝန်ခံမှု (Corporate Accountability) နှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန် လေးစားမှုကို ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ အောက်တိုဘာ ၂၄ ရက်မှ ၂၉ ရက်အတွင်း ဤကမ်းပိန်းတွင် တက်တက်ကြွကြွ ပါဝင်အားဖြည့်ပေးခဲ့ကြသော ထောက်ခံသူများ အားလုံး၏ ခိုင်မာသော ထောက်ခံမှုနှင့် စုပေါင်းအသံကြောင့်သာ ဖြစ်ပါသည်။ အချိန်နှင့်တပြေးညီ ပါဝင်အားဖြည့်ပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လေးစားစွာ ကျေးဇူးတင်ရှိအပ်ပါသည်။
Victory Update: Official Title Change Achieved
Launched on October 24 and successfully achieved by October 29, the collective voice of the people of Myanmar, led by the DatarrX Foundation and supported by empirical survey data and this Change.org petition, has successfully accomplished its core objective.
In response to public advocacy, production company GMMTV has officially changed the series title from "Scarlet Heart Thailand" to "Scarlet Heart Ullavee", ensuring respectful and equitable regional representation.
Achieving this level of corporate accountability and cultural respect between October 24 and 29 was made possible entirely by the unwavering support and solidarity of all signers. We extend our deepest gratitude to everyone who stood with us and made their voices heard.