Petition updateRename 'Scarlet Heart Thailand' or Remove Myanmar Cultural Elements

"Scarlet Heart Thailand" မှ "Scarlet Heart Ullavee" သို့ တရားဝင်ပြောင်းလဲနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍

DatarrX FoundationMandalay, Myanmar (Burma)
29 Oct 2026

ပါဝင်အားဖြည့်ပေးကြပါသော စာရင်းလက်မှတ်ထိုးသူ (၁၂,၀၄၀+) ဦးနှင့် ပြည်သူတစ်ရပ်လုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် DatarrX Foundation ၏ ဦးဆောင်မှုဖြင့် စတင်ခဲ့သော "Rename 'Scarlet Heart Thailand' or Remove Myanmar Cultural Elements" ကမ်းပိန်းနှင့်  petition သည် ယခုအခါတွင် အောင်မြင်မှုမှတ်တိုင်တစ်ခုသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

ထုတ်လုပ်ရေးကုမ္ပဏီ GMMTV ဘက်မှ ဇာတ်လမ်းတွဲ၏ အမည်ကို "Scarlet Heart Thailand" မှ "Scarlet Heart Ullavee" သို့ တရားဝင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်၊ ကျွန်ုပ်တို့၏ ပထမဆုံး တောင်းဆိုချက်ဖြစ်သော ဒေသတွင်း ယဉ်ကျေးမှုများကို နိုင်ငံတစ်ခုတည်း၏ အမည်အောက်တွင် လွှမ်းမိုးချုပ်ကိုင်ထားခြင်း မရှိစေရရေး ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ ကော်ပိုရိတ် တာဝန်ခံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လေးစားမှုကို ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ဤကမ်းပိန်းတွင် တစ်က်တက်ကြွကြွ ပါဝင်အားဖြည့်ပေးခဲ့ကြသော ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအသံကြောင့်သာ ဖြစ်ပါသည်။

DatarrX Foundation ဆိုသည်မှာ -
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော DatarrX (ဒေတာအက်စ်) သည် မြန်မာဘာသာစကားနှင့် ဒေသတွင်း တိုင်းရင်းသားဘာသာစကားများအတွက် သဘာဝဘာသာစကား လုပ်ဆောင်ချက် (NLP) နှင့် ဉာဏ်ရည်တု (AI) နည်းပညာများကို ဖော်ဆောင်နေသည့် အမြတ်အစွန်းမယူသော ပွင့်လင်းရင်းမြစ် (Open-Source) ဖောင်‌ဒေးရှင်းတစ်ခု ဖြစ်ပါသည်။ "ခိုင်မာသော ဒေတာသုတေသနဖြင့် မသိသေးသည်များကို ဖော်ထုတ်မည်" (Defining the Unknown through Rigorous Data Research) ဆိုသည့် မူဝါဒအောက်တွင် ခိုင်မာသန့်စင်သော ဒေတာများကို စနစ်တကျ စုဆောင်းကာ AI တူးလ်များကို လူတိုင်း အခမဲ့ အသုံးပြုနိုင်ရန် ဦးဆောင်ကြိုးပမ်းလျက် ရှိပါသည်။

We extend our deepest gratitude to all 12,040 signers and everyone who has stood with us throughout this journey.

Launched on October 24 under the leadership of the DatarrX Foundation, the "Rename 'Scarlet Heart Thailand' or Remove Myanmar Cultural Elements" campaign and petition has now reached a significant milestone.

Following our collective push, production company GMMTV officially changed the series title from "Scarlet Heart Thailand" to "Scarlet Heart Ullavee". This outcome successfully fulfills our core demand to prevent regional cultural heritage from being subsumed under a single national attribution. Achieving this level of corporate accountability and cultural respect was made possible entirely by the unwavering support and collective voice of the public.

About DatarrX Foundation:
Founded on December 12, 2025, DatarrX is a non-profit, open-source foundation dedicated to advancing Natural Language Processing (NLP) and Artificial Intelligence for Burmese and regional ethnic languages. Guided by our core principle, "Defining the Unknown through Rigorous Data Research," we systematically engineer clean, machine-ready linguistic corpora to ensure that native AI tools can be developed and accessed by anyone completely free.

Copy link
WhatsApp
Facebook
Nextdoor
Email
X