ဆရာတော် မင်းသုညနှင့် ဆရာတော် ဦးဝါယမတို့ထံသို့ ပြည်သူများမှ အိတ်ဖွင့်ပေးစာ

ประเด็นรณรงค์
ဆရာတော် ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်) နှင့် ဆရာတော် ဦးဝါယမ အပါအ၀င် ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များကို လေးစားစွာ တင်ပြအပ်ပါသည်။
ဆရာတော် ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်) နှင့် ဆရာတော် ဦး၀ါယမ တို့သည် နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပါ၀င်လျှက်ရှိသည့် အနည်းငယ်မျှသော သံဃာတော်များအတွင်း ထင်ရှားသူများဖြစ်ပြီး ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် လက်တွဲပြီး အဓမ္မတရားများကို ဆန့်ကျင်တော်လှန်နေသည့် လေးစားဖွယ် ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြပါသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများ၌ လွတ်မြောက်နယ်မြေများတွင် တိမ်းရှောင်ခိုလှုံလျှက်ရှိသည် ရဟန်းငယ်များ၏ အရေးကိစ္စနှင့်စပ်လျှဥ်း၍ ဆရာတော် ဦးဣဿရိယနှင့် ဦး၀ါယမတို့အပါအ၀င် သံဃာတော်များအကြား စိတ်၀မ်းကွဲလျှက်ရှိကြသည်ကို စိတ်မကောင်းဖြစ်ဖွယ် မြင်တွေ့ရလျှက်ရှိပါသည်။
ထို့အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ယခုဖြစ်ပွားနေသည့် အခြေအနေများကို ပိုမိုဆိုးရွားစေရန် မြေပြင်အခြေအနေနှင့် ၀ေးကွာသော သွေးထိုးရေးသားနေမှုများလည်း တွေ့ရှိရပါသည်။
ယခုကဲ့သို့ တော်လှန်ရေး၏ အရေးကြီးကာလတွင် ဘုံရန်သူတိုက်ဖျက်ရေးနှင့် ညီညွတ်ရေးမပျက်စီးစေရေးတို့အတွက် စဥ်ဆက်မပြတ် ပြောဆိုရေးသားဆုံးမနေသည့် ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့ဟောကြားသည့်တရားနှင့် ကျင့်ကြံသောအလုပ်တို့ ထပ်တူကျရန် လိုအပ်ကြောင်းကို မိမိတို့ ပြည်သူများက မှတ်ယူပါသည်။
ဆရာတော်များနှင့် လက်တွဲဆောင်ရွက်နေသည့် ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို ရှေုးရှု၍ အပြုသဘောဖြင့် ချဥ်းကပ်ဆောင်ရွက်ကြပါရန်လည်း အနူးအညွတ် တိုက်တွန်းအပ်ပါသည်။
ဆရာတော် ဦးမင်းသုညနှင့် ဦး၀ါယမ အပါအ၀င် ဗုဒ္ဓဘာသာ ရဟန်းတော်များအား နွေဦးတော်လှန်ရေးပြည်သူများက အောက်ပါအချက်များကို အလေးအနက်တောင်းဆိုအပ်ပါသည်။
၁။ လူမှုကွန်ရက်မီဒီယာများတွင် ရေးတင်ထားသည်များကို ချက်ချင်းဖြုတ်ချပေးပါရန်
၂။ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားနေမှုများကို ဖြေရှင်းရန်အတွက် အများ လက်ခံသည့် ပုဂ္ဂိုလ်များ ပါ၀င်သော ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး တရားနည်းလမ်းတကျဖြေရှင်းပေးမှုကို လက်ခံပေးပါရန်
၃။ လူမှုကွန်ရက်စာမျက်နှာများတွင် ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာ၀င်အသီးသီးကြား အကြည်ညိုပျက်စေသည့် ရေးသား ပြောဆိုမှုများကို ရှောင်ရှားပေးပါရန်
၄။ လူထုနှင့် တော်လှန်ရေး၏ အကျိုးကို ရှေးရှု၍ ဘုံရန်သူ အမြစ်ပြတ်သည်အထိ ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်
တော်လှန်ရေးသစ္စာဖြင့်
နွေဦးတော်လှန်ရေးပြည်သူများ

ปิดแคมเปญรณรงค์
แชร์แคมเปญรณรงค์นี้
สร้างแคมเปญรณรงค์ใน 27 มีนาคม ค.ศ. 2024 แล้ว