ミャンマー軍による徴兵制に反対します

ミャンマー軍による徴兵制に反対します
The Issue
Burmese and English
"不当な命令への不服従を示そう"
2024年2月10日、ミャンマーで実権を握っている軍が、18歳以上の男女に対して兵役の義務を課す違法な徴兵制命令を発表しました(Nº 27/2024)。この強制的な徴兵は、国際法と基本的人権のあからさまな侵害であり、ミャンマーの平和や安定、人々の幸福を脅かし、ミャンマーとこの地域に重大な脅威をもたらすものであります。
ミャンマー軍は2021年2月にクーデターを起こして以来、ミャンマーという国に貢献する組織ではありません。むしろ現在のミャンマー軍は、選挙で選ばれたわけでもない非合法な軍事政権の指揮下にあります。この政権の下、軍はミャンマー国民を抑圧し支配するために、自国民に対する犯罪を全国的に指揮しています。現在までに軍は4,500人以上を殺害し、大統領や国家顧問、選挙で選ばれた国会議員、ジャーナリスト、民主化活動家、宗教指導者などを含む2.6万人以上を逮捕しました。
現在も2万人以上が投獄されています。ミャンマー軍は虐殺、無差別空爆、砲撃、ジェンダーに基づく暴力、集団拷問、集団放火を行い、その結果、クーデター以来、2.4万もの人たちが避難を余儀なくされています。
2月に発表された徴兵制は、ミャンマーの若者の命と血と汗を犠牲にして、軍部の血塗られた王座を維持し、ミャンマーの若者たちの意に反して、軍部の戦争犯罪行為に強制的に巻き込むものです。
そのため、世界中の、そしてミャンマー全土の人々が、この徴兵制という卑劣な行為を非難し、異議を唱えています。国民に対してこのような残虐行為が続いているために、現在ミャンマーでは近隣諸国への大規模な人口流出が続いており、脱出に伴う人道危機や人身売買、オンライン詐欺、地域の不安定化など、社会経済的な問題を引き起こしています。
集まった署名は、ミャンマー国民の意思を表すものであり、各国政府やASEAN、国連安全保障理事会、国連人権理事会、国際労働機関、欧州連合、その他の国際機関に提出する予定です。人々の意思を通じて、私たちは国際社会に対し、新たな残虐行為を待つのではなく、即座に効果的かつ法的な行動をとるよう強く求めます。
-----------------------------------------------------------------
“မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”
မြန်မာစစ်ကောင်စီသည် တရားမဝင်စစ်သားစုဆောင်းသည့် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီ၏ ယင်းကဲ့သို့ အဓမ္မစစ်သားစုဆောင်းသည့် လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် အခြေခံလူ့အခွင့်အရေးများကို ပေါ်ပေါ်တင်တင်ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လူနေမှုဘဝများကို ဖျက်ဆီးရန်ခြိမ်းခြောက်လာနေပါသည်။ ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း နိုင်ငံများအတွက်လည်း ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာစေပါသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့ပြီး ထိုကတည်းက နိုင်ငံနှင့်ပြည်သူလူထု၏ တရားဝင် ဝန်ထမ်းအဖွဲ့အစည်းအဖြစ်မှ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပြီး ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သော တရားမဝင် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖွဲ့အစည်းအဖြစ် လှုပ်ရှားဆောင်ရွက်နေခဲ့ပါသည်။ စစ်ကောင်စီ၏ အမိန့်ပေး ကွပ်ကဲမှုဖြင့် မြန်မာစစ်တပ်သည် ဆိုးရွားရက်စက်သော စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံအပြားတွင် ကျူးလွန်ပြီး မြန်မာပြည်သူလူထုကို ဖိနှိပ်ထိန်းချုပ်ဖို့ ကြိုးစားနေပါသည်။ ယနေ့အချိန်အထိ မြန်မာစစ်တပ်သည် လူပေါင်း ၄၅၀၀ကျော်ကို သတ်ဖြတ်ခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူပေါင်း ၂၆၀၀၀ ကျော်ကိုဖမ်းဆီး ခဲ့ပြီး ၂၀၀၀၀ ကျော်မှာ ယနေ့အချိန်အထိ ဆက်လက်ချုပ်နှောင်ခံထားရဆဲဖြစ်သည်။ မြန်မာစစ်တပ် သည် ပြည်သူလူထုအပေါ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်း၊ ဖမ်းဆီးညှင်းဆဲခြင်း နှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိပါသည်။ အကျိုးဆက်အနေဖြင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူလူထုအရေအတွက်မှာ အာဏာ သိမ်းပြီး ချိန်မှစ၍ ယခုအချိန်အထိ လူပေါင်း ၂.၄ သန်းကျော်ရှိလာပြီဖြစ်သည်။
မကြာသေးမီကထုတ်ပြန်လိုက်သော စစ်ကောင်စီ၏အဓမ္မစစ်သားစုစောင်းရေးလုပ်ရပ်သည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ထုဆစ် ကြမည့် လူငယ်ထု၏ အသက်၊ သွေး၊ ချွေး များကို စတေး၍ စစ်အာဏာရှင်၏ ယစ်ပုလ္လင်ကို ဆက်လက် တည်ဆောက်မည့် လုပ်ရပ်ဖြစ်သည့်အပြင် လူငယ်မျိုးဆက်အား အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအတွင်းသို့ အဓမ္မ သွပ်သွင်းသည့် လုပ်ရပ်ဖြစ်သည့်အတွက် အကြမ်းဖက်စစ်အုပ်စု၏ “အဓမ္မစစ်သားစုဆောင်းမှု လုပ်ငန်း” နှင့် ယင်း လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်မည့် အကောင်အထည်ဖော် ဆောင်ရွက်မှု အဝဝ တို့ကို ကမ္ဘာတဝှမ်းနှင့် နိုင်ငံအနှံ့ရှိ ပြည်သူလူထု တစ်ရပ်လုံးက တခဲနက် ဆန့်ကျင် ကန့်ကွက်လိုက်သည်။
စစ်ကောင်စီ၏ ယင်းကဲ့သို့အဓမ္မစစ်သားစုဆောင်းရေးလုပ်ရပ်အပါအဝင် ဆက်တိုက်ကျူးလွန်နေသာ ရာဇဝတ်မှုများကြောင့် မြန်မာပြည်သူများ အိမ်နီးချင်းနိုင်ငံများသို့ အစုလိုက် အပြုံလိုက် တိမ်းရှောင်မှုများ တိုးမြင့်ပြုလုပ်လာနေကြသည့်အတွက် ယင်းကိစ္စသည် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းနှင့် ဒေသတွင်းတည်ငြိမ်မှုပျက်ပြားစေမည့် ပြဿနာများ အပါအဝင် လူမှုစီးပွား ပြဿနာများကို ဖြစ်ပေါ်စေလာနိုင်သည်။
မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒဖြစ်သော ရရှိလာသည့် လက်မှတ်များကို နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းသီးသီးထံသို့ ပေးပို့သွားမည်။ မြန်မာပြည်သူတို့၏ဆန္ဒသဘောထားဖြစ်သော ဤ လက်မှတ်များမှတဆင့် ကျွန်ုပ်တို့ မြန်မာပြည်သူလူထုသည် စစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်း သည့်လုပ်ရပ်ကို တရားစွဲဆိုအရေးယူခြင်း အပါအဝင် ဖြစ်နိုင် သမျှသော နည်းလမ်းမျိုးစုံဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အချိန်ဆွဲမနေပဲ ချက်ချင်း လုပ်ဆောင် ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား လေးနက်စွာတိုက်တွန်းလိုက်သည်။

Petition Closed
Share this petition
The Decision Makers
Petition Updates
Share this petition
Petition created on March 21, 2024