မြန်မာစစ်တပ်​၏ရန်ပုံငွေအရင်းအမြစ်များကိုဖြတ်တောက်ရန်

The Issue

English 日本語
We have closed this online signature campaign on February 10, 2022. The final number of signatures was 13,453 and was submitted to each minister. Thank you for your cooperation!

မြန်မာစစ်တပ်၏ အကြမ်းဖက်နှိပ်စက်ညှင်းပမ်းပြုမူမှုများကို တားဆီးနိုင်ရန် ဂျပန်နိုင်ငံမှမြန်မာစစ်တပ်အတွက် ရန်ပုံငွေ အရင်းအမြစ်များဖြစ်စေသော စစ်ကောင်စီနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းအဆက်အနွယ်များကို တားဆီးပေး ပါရန် ဂျပန်အစိုးရအားတောင်းဆိုပါသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြန်မာ့စစ်တပ်၏ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ဒီမိုကရေစီကိုလိုလားသော ပြည်သူပြည်သားများအား မြန်မာစစ်တပ်မှ ပြင်းထန်စွာအကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်ပေါ် လျှက်ရှိပါသည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့​၏ ​ကောက်နှုတ်ချက်အရ ကလေးငယ်များအပါအဝင် သေဆုံးသူလူဦးရေ (၁,၃၁၈) ဦး၊ ဝရမ်းစာထုတ်ထားခံထားသော လူဦးရေ (၁၀,၇၉၃) ဦး၊ ဖမ်းဆီးအကျဉ်းချ ခံထားရ သော လူဦးရေ (၇,၈၆၀) ဦး ရှိကြောင်း သိရှိရပါသည်။ (အောက်ခြေမှတ်စု ※၁ မှ ကောက်နှုတ်ချက်)

ထို့အပြင် တိုင်းရင်းသားလူနည်းစုများ နေထိုင်သောဒေသများတွင် မြန်မာစစ်တပ်မှ တိုက်ခိုက်မှုများ၊ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စစ်ပွဲများဖြစ်ပွားလျှက်ရှိကာ မြန်မာနိုင်ငံတဝှမ်းလုံးတွင် လူဦးရေ ၂သိန်း၃သောင်းကျော်သော ပြည်သူပြည်သားများမှာ စစ်ဘေးရှောင်ဒုက္ခသည်ဘဝသို့ ရောက်ရှိနေရပြီ ဖြစ်ပါသည်။ (အောက်ခြေမှတ်စု※၂ မှကောက်နှုတ်ချက်) 

သို့ဖြစ်ပါ၍ မြန်မာစစ်တပ်၏ အကြမ်းဖက်နှိပ်စက်ညှင်းပမ်းပြုမူမှုများကို မတားဆီးနိုင်သ၍ သေဆုံးသူများ   စစ်ဘေးရှောင်ဒုက္ခသည်များ တိုးပွားနေမည်သာ ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး အထောက်အပံ့ပေးနေသော နိုင်ငံဖြစ်ပြီး ၂၀၁၂ခုနှစ် နောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် အမျိုးမျိုးသော အခြေခံအုတ်မြစ်စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတကာ ချေးငွေ ယန်း ၁,၀၀၀ ဘီလီယံနီးပါး ထောက်ပံ့ထားလျှက် ရှိပါသည်။ (အောက်ခြေမှတ်စု※၃မှ ကောက်နှုတ်ချက်) 

ထို့အပြင် အခြားသောပြည်သူ့ဘဏ္ဍာငွေများဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံချေးငှားခြင်းဖြင့် မြန်မာနိုင်ငံ၏အစိုးရစီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးလျှက် ရှိပါသည်။ သို့သော်ထိုလုပ်ငန်းများထဲတွင် မြန်မာစစ်တပ်၏ အကျိုးစီးပွားဖြစ်စေသော လုပ်ငန်းများ (အတည်ပြုချက်စာရင်းတွင်ကြည့်ပါရန်) ပါဝင်နေသည်မှာ ပြဿနာကြီးတစ်ရပ်ဖြစ်ပါသည်။ ဂျပန်အစိုးရသည် မြန်မာစပ်တပ်နှင့် အကျိုးစီးပွားမပြုရန် နိုင်ငံတကာကတိပြုထားပါသည်။ (အောက်ခြေမှတ်စု ※၄မှကောက်နှုတ်ချက်) 

ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံငွေများသည် မြန်မာစစ်တပ်၏ အကြမ်းဖက်နှိပ်စက်ညှင်းပမ်းပြုမူမှုများကို အထောက်အပံ့ မဖြစ်စေရန်အတွက် ဂျပန်အစိုးနှင့်မြန်မာစစ်တပ်၏ စီးပွားရေးပတ်သက်မှုများအားလုံးကို ဖြတ်တောက်ရန် ကျွန်ုပ်တို့မှ ပြင်းထန်စွာတောင်းဆိုတိုက်တွန်းပါသည်။

ဂျပန်အစိုးရသည် မြန်မာပြည်သူပြည်သားများ၏ဆန္ဒများ (အောက်ခြေမှတ်စု※၅မှကောက်နှုတ်ချက်) အား လေးနက်စွာ နားထောင်ပေးပြီး တိကျခိုင်မာသော အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ပေးပါရန်နှင့် ထိုလုပ်ဆောင်ချက် များအား ကျွန်ုပ်တို့အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများသိရှိနိုင်ရန် ရှင်းလင်းပေးပါရန် တောင်းဆိုအပ်ပါသည်။ 

List: မြန်မာစစ်တပ်​၏ အကျိုးဖြစ်စေနိုင်သည့်လုပ်ငန်းများနှင့် ဂျပန်အစိုးရကလုပ်ဆောင်သင့်သောအပြုအမူများ

ပဲခူးတံတားဆောက်လုပ်ရေး

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှာ နိုင်ငံတကာယန်းချေးငွေဖြင့် ထောက်ပံ့ နေသော ပရောဂျက်တစ်ခုဖြစ်သည်။ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် ဆက်နွယ် နေသည့် ပဲခူးတံတားတည်ဆောက်မှုသည် မြန်မာစပ်တပ်မှ ဆက်နွယ်ပတ်သက်နေသည့်အတွက် လုပ်ငန်းများနှင့် ဆက်ဆံရေးကို ချက်ချင်းဖြတ်တောက်သင့်သည်။

သီလဝါအထူးစီးပွားရေးဇုန်

JICAသည် မြန်မာအစိုးရနှင့်ပူးပေါင်း၍ စီမံကိန်းတွင် ရင်းနှီးမြုပ်နှံနေသည်ဖြစ်ပြီး အကျိုးအမြတ်ရရှိပါက အမြတ်ဝေစုများအား ထုတ်ပေးမည်ဖြစ်သည်။ မြန်မာစစ်တပ်သည် တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားချိန် ကာလ အတွင်းလုပ်ငန်း ဆက်လက်တည်မြဲနိုင်ရေးအတွက် လုပ်ဆောင်ချက်များတွင် မြန်မာစစ်တပ်၏အကျိုးစီးပွား မဖြစ်ထွန်း စေမည့် အစီအစဉ်များရေးဆွဲရန်နှင့် ထိုအစီအစဉ်များအား အများပြည်သူများကို ရှင်းလင်းချပြပေးပါရန် တောင်းဆို ပါသည်။

 အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း( Y Complex)

ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ Japan Bank for International Cooperation(JBIC) မှ ရန်ပုံငွေ ပံ့ပိုးပေးထားပြီး Japan Overseas Infrastructure Investment Corporationfor Transportand Urban Development(JOIN) မှ ရင်းနှီးမြှုပ်နှံမှုနှင့် အာမခံပေးထားသော လုပ်ငန်းဖြစ်ပါသည်။ မြန်မာစစ်တပ်၏ ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေနေရာဖြစ်ပြီး မြန်မာစစ်တပ်ပိုင်မြေယာဖြစ်သည့်အတွက် မြေငှားရမ်းခသည် မြန်မာစစ်တပ် သို့မဟုတ် မြန်မာစစ်တပ်ထိန်းချုပ်မှုအောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၏၀င်ငွေဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းသင့်ပါသည်။

JOIN​၏ အခြားသောလုပ်ငန်းများ

Tirawa Port Terminal Operation Project နှင့်ပတ်သက်၍ မြန်မာစစ်တပ်သည် မြန်မာ့ဆိပ်ကမ်းငှာန၏ အာဏာထိန်းချုပ်ထားသောကြောင့် ဆက်ဆံရေးကို ရပ်တန့်ရန် တောင်းဆိုပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပိုင်မြေတွင် ဆောက်လုပ်နေသော ရန်ကင်းမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ မြေငှားရမ်းခသည် မြန်မာစစ်တပ် အတွက် အကျိုးအမြတ်မဖြစ်စေရန် တားဆီးခြင်းမရှိပါက အဆိုပါစီမံကိန်းကိုရုပ်သိမ်းပေးရန် မေတ္တာရပ်ခံ အပ်ပါသည်။"လမ်းမတော်စီမံကိန်း"လုပ်ငန်းမှ အမြတ်အစွန်းများအပါအဝင် မြန်မာစစ်တပ်ကို အကျိုးပြုခြင်းရှိ မရှိ စုံစမ်းစစ်ဆေးပြီး စစ်တပ်၏အကျိုးအမြတ်ကို တားဆီးရန်မဖြစ်နိုင်ပါက လုပ်ငန်းမှနှုတ်ထွက်ပေးပါရန် တောင်းဆို ပါသည်။

ရဲတံခွန်ဓာတ်ငွေ့တွင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ရဲတံခွန်သဘာဝဓာတ်ငွေ့တွင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တွင် အစုရှယ်ယာများ ကိုင်ဆောင်ထားသည်။ ဓာတ်ငွေ့တွင်းများမှ အမြတ်အစွန်းများသည် စစ်တပ်၏ ထိန်းချုပ်မှုအောက် တွင်ရှိသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်းကို အကျိုးပြုမည်ဖြစ်ပြီး စစ်တပ်မှ ထိန်းချုပ်ထားသည့် အစိုးရထံသို့ အခွန်ဘဏ္ဍာအမြောက်အများ ရရှိစေမည်ဖြစ်သည်။ ရဲတံခွန်၏ သဘာဝဓာတ်ငွေ့သည် ၁၀၀% တင်ပို့ကုန် ဖြစ်ပြီး ပြည်တွင်းစွမ်းအင်အရင်းအမြစ် မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအခြေအနေပြန်လည်မရရှိမီအထိ ဂျပန်အစိုးရသည် မြန်မာနိုင်ငံပြင်ပစီးပွားရေးမှရရှိသော ပေးငွေများကို ပေါင်းစည်းကာ သဘာဝဓာတ်ငွေ့အမြတ်အစွန်း များကို မြန်မာစစ်တပ်မှ လွတ်လပ်စွာသုံးစွဲခြင်းမပြုလုပ်နိုင်ရန် နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် သင့်သည်။

လှုံ့ဆော်ရေးအသင်းအဖွဲ့များ

ayus: Network of Buddhists Volunteers on International Cooperation, Friends of the Earth Japan, Japan International Volunteer Center (JVC), Mekong Watch, Network Against Japan Arms Trade (NAJAT) 

အသေးစိတ်အား အောက်ဖော်ပြပါ Websiteတွင် ကြည့်ရှုနိုင်ပါသည်။

(MekongWatchPage) ဂျပန်စာဖြင့် ရေးသားဖော်ပြထားသည်။

အောက်ခြေမှတ်စု

(※၁)နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေးအသင်း(2021/12/8)

https://aappb.org/?p=19143

(※၂)မြန်မာ-လူသားချင်းစာနာမှုလျှပ်တစ်ပြက်ရိုက်ချက်(၂၀၂၁ခုနှစ်နိုဝင်ဘာလ)

https://reliefweb.int/report/myanmar/myanmar-humanitarian-snapshot-november-2021

(※၃)မြန်မာနိုင်ငံအတွင်းသို့ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ အမြောက်အမြားဝင်ရောက်လာခြင်းသည် ၂၀၁၁ခုနှစ်မှ စတင်သော ဒီမိုကရေစီသို့ပြောင်းလဲခြင်းနှင့်အတူ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခိုင်မာသောဦးဆောင်မှု အောက် တွင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ ကြွေးမြီများကို ယာယီလွှဲပြောင်းရယူခဲ့ပြီး အကြွေး ယန်း ၃၀၀ ဘီလီယံနီးပါး ကို စွန့်လွှတ်ခြင်းဖြင့် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။ ယင်းမတိုင်မီက ဂျပန်နိုင်ငံသည် ယန်းငွေ ဘီလီယံ ၇၀ခန့် အကြွေးသက်သာခွင့်ပေးခဲ့ပြီး ၎င်းတို့အားလုံးသည် ဂျပန်ပြည်သူပြည်သားများက ပေးဆောင်ထားသော အခွန်ငွေများ ဖြစ်သည်။ ဂျပန်အစိုးရသည် အခွန်ငွေများအတွက် တာဝန်ခံမှုရှိရန်လိုအပ်ပြီး လက်ရှိကြွေးမြီများသည် မြန်မာနိုင်ငံ ပြည်သူများအတွက် ယုတ္တိမဲ့ဖြစ်မလာအောင် တားဆီးရန်နည်းလမ်းများအား စဉ်းစားဆောက်ရွက်ရန်လိုအပ်ပါသည်။

(※၄) ဂျပန်အစိုးရသည် ၂၀၂၁ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် G7အစည်းအဝေး​ ခေါင်းဆောင်များ၏ ကြေညာချက် တွင် (မြန်မာနိုင်ငံဖွံ့ဖြိုးရေးအကူအညီ သို့မဟုတ် လက်နက်ရောင်းချခြင်းတို့သည် မြန်မာစစ်တပ်၏ အကျိုးမပြုကြောင်း သေချာစေရန်၊ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်ပြီး DueDiligenceကို လိုက်နာရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကိုချမှတ်ခဲ့ပါသည်) ဟု ဖော်ပြခဲ့ပါသည်။ သို့သော် ထိုကတိကဝတ်၏ အသေးစိတ်အကြောင်းအရာကို ယခုအချိန် ထိချပြခြင်းမရှိသေးပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန။ G7 Carbis Bay Leaders Communiqué (ဂျပန်ဘာသာပြန်) https://www.mofa.go.jp/mofaj/files/100200083.pdf

(※၅) OVER 200 CSOS CALL FOR IFI LOANS TO BURMA TO BE FROZEN AND REASSESSED

https://progressivevoicemyanmar.org/2021/02/19/for-immediate-release-over-200-csos-call-for-ifi-loans-to-burma-to-be-frozen-and-reassessed/

avatar of the starter
Mekong Watch/メコン・ウォッチPetition Starterメコン・ウォッチ職員
This petition had 14,062 supporters

The Decision Makers

H. E. Fumio Kishida
H. E. Fumio Kishida
Prime Minister
H. E. Yoshimasa HAYASHI
H. E. Yoshimasa HAYASHI
Minister for Foreign Affairs
H. E. Shunichi SUZUKI
H. E. Shunichi SUZUKI
Minister of Finance
H. E. Koichi HAGIUDA
H. E. Koichi HAGIUDA
Minister of Economy, Trade and Industry
H. E. Tetsuo SAITO
H. E. Tetsuo SAITO
Minister of Land, Infrastructure, Transport and Tourism
Petition updates