Обновление к петицииဩဂုတ်လ ၂၅ ရက်နေ့အား National Apology Day အဖြစ်သတ်မှတ်ရန် တောင်းဆိုခြင်းခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည့် သတင်းဆောင်းပါး
Thet Swe WinYangon City, Мьянма (Бирма)
22 авг. 2021 г.

ရိုဟင်ဂျာ အပါအ၀င်အဖိနှိပ်ခံ တိုင်းရင်းသား များအားလုံးကို တောင်းပန်သည့် National Apology Day အဖြစ်သတ်မှတ် ပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူများက NUG အစိုးရ ထံတောင်းဆို


ရန်ကုန်၊ ဩဂုတ် ၂၁


ရိုဟင်ဂျာဂျီနိုဆိုက်စတင်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့အား ရိုဟင်ဂျာ အပါအ၀င်အဖိနှိပ်ခံ တိုင်းရင်းသား များအားလုံးကို တောင်းပန်သည့် National Apology Day အဖြစ်သတ်မှတ် ပေးရန် ပြည်သူများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ ကို အွန်လိုင်းလက်မှတ်ရေးထိုး၍ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရှိရသည်။


“ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုအပါအဝင် တခြားသောတိုင်းရင်းသားတွေအပေါ် ဖိနှိပ်အကြမ်း ဖက်မှုတွေ၊ ကျူးလွန်ခဲ့တဲ့ သူတွေကိုလည်း ဘယ်ပြစ် ဒဏ်မှ မပေးနိုင်ဘဲ တရားမျှတမှုပျောက်ဆုံးနေတဲ့ အရာတွေကို ကျွန်တော်တို့ မေ့လို့ မရဘူး” ဟု ယခု လှုပ်ရှားမှုကို ဦးဆောင်သည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုသက်ဆွေ၀င်းက ပြောသည်။


နိုင်ငံတကာတွင်လည်း အစဉ်အဆက်အစိုးရများက ကျူးလွန်ခဲ့သည့် မှား ယွင်းမှုများ ကို နောက်အစိုး ရများက ပြန်လည်တောင်းပန်ပြင်ဆင်ခဲ့ကြသည့် သာဓကများ လည်းများ စွာရှိခဲ့ပြီး အမှား ကိုဝန်ခံခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်၏ သရုပ် လက္ခဏာ တစ်ရပ်လည်း ဖြစ်သည့်အပြင် နိုင်ငံရေးယဉ်ကျေး မှုအသစ်တစ်ခုကို စတင် မွေးဖွားခြင်းဖြစ်သည် ဟုလည်း အွန်လိုင်းတောင်းဆိုချက်တွင် ဖော်ပြထားသည်။


Change.org ဝက်ဘ်ဆိုဒ်မှတဆင့် ပြုလုပ်သည့် အွန်လိုင်းလက်မှတ်ထိုး တောင်းဆိုမှုတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် သူစုစုပေါင်း ၁၈၀၀ ကျော်ရှိပြီး ၎င်းတို့၏မှတ်ချက်များကိုလည်း ရေးသားထားခဲ့သည်။


လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုများစွာကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြသည့် စစ်ခေါင်းဆောင်များအား ယခုအချိန်ထိအရေးယူအပြစ်ပေးနိုင်ခြင်းမရှိသေးသည့်အပြင် စစ်တပ်အား အကာအကွယ်ပေးခဲ့သဖြင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသည့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်အများအပြားမှာလည်း စစ်တပ်၏ မတရားဖမ်းဆီးခြင်း ခံထားရလျက်ရှိသည်။


မြန်မာ့သမိုင်းတွင်ရော ခေတ်သစ်ကမ္ဘာ့သမိုင်းတွင်ပါ အမည်း စက်ဖြစ်ခဲ့ရသည့် ရိုဟင်ဂျာ လူမျိုးများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်မှာ လာမည့် ဩဂုတ်လ ၂၅ရက် နေ့တွင် လေးနှစ်ပြည့် မည်ဖြစ်သည်။


အွန်လိုင်းလက်မှတ်ရေးထိုးတောင်းဆိုချက်ကို https://www.change.org/NationalApologyDayMM တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Скопировать ссылку
WhatsApp
Facebook
Nextdoor
Эл. почта
X