ဩဂုတ်လ ၂၅ ရက်နေ့အား National Apology Day အဖြစ်သတ်မှတ်ရန် တောင်းဆိုခြင်း

The Issue

ရိုဟင်ဂျာဂျီနိုဆိုက်စတင်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့အား ရိုဟင်ဂျာအပါအဝင် အဖိနှိပ်ခံတိုင်းရင်းသားများအားလုံးကို တောင်းပန်သည့် National Apology Day အဖြစ်သတ်မှတ်ကျင်းပရန် တောင်းဆိုခြင်း

မြန်မာ့သမိုင်းတွင်ရော ခေတ်သစ်ကမ္ဘာ့သမိုင်းတွင်ပါ အမည်းစက်ဖြစ်ခဲ့ရသည့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်မှာ လာမည့် ဩဂုတ်လ ၂၅ရက်နေ့တွင် လေးနှစ်ပြည့်မြောက်မည်ဖြစ်သည်။

လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ်က အစိုးရအပါအဝင် ပြည်သူအများစုက ဖက်ဆစ်စစ်တပ်၏ လူမဆန်သောလုပ်ဆောင်ချက်များကို တက်ကြွစွာထောက်ခံခဲ့ကြသည်မှာလည်း မဝေးလှသေးသည့် သမိုင်းတစ်ခုဖြစ်သည်။ 

ဖက်ဆစ်စစ်တပ်၏ လူမဆန်သောရက်စက်မှုများကို ရိုဟင်ဂျာများနှင့်အတူ တခြားသောတိုင်းရင်းသား လူမျိုးစုများလည်း ဆယ်စုနှစ်ပေါင်းများစွာခံစားခဲ့ရပြီး မြေပြန့်ဒေသရှိ ပြည်သူအများစုသည် ဖက်ဆစ်စစ်တပ်၏ ဝါဒမှိုင်းကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ အရေးကိစ္စကို လစ်လျှူရှု လှောင်ပြောင်ခဲ့ကြသည်မှာလည်း စိတ်မကောင်းစရာ ခါးသီးသည့် အမှန်တရားဖြစ်ခဲ့သည်။

ဖက်ဆစ်စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် ဆန္ဒပြပြည်သူများကို ရက်စက်စွာ ပစ်ခတ်ညှဉ်းဆဲသတ်ဖြတ်မှုများပြုလုပ်သည်ကို ကိုယ်တွေ့မြင်ရပြီးနောက် လူငယ်များက ရိုဟင်ဂျာလူမျိုးများအား ပြန်လည်တောင်းပန်ခြင်းနှင့် မြေပြင်သပိတ်များတွင် တိုင်းရင်းသားလူမျိုးစုများ၊ ရိုဟင်ဂျာများအား ထောက်ခံရပ်တည်သည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် တခြားသောတိုင်းရင်းသားများအပေါ် ဖိနှိပ်အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သူများအား မည်သည့်အပြစ်ဒဏ်မျှပေးနိုင်ခြင်းမရှိနေသေးပဲ တရားမျှတမှုပျောက်ဆုံးလျှက်ရှိသည်ကိုလည်း ကျွန်ုပ်တို့ မမေ့အပ်ပေ။

ပြည်သူအများစုက တရားဝင်အသိအမှတ်ပြုခြင်းခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအတွင်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (transitional Justice) ကို မဖြစ်မနေ အကောင်အထည်ဖော်ရန်လိုအပ်ပြီး  နိုင်ငံတော်ကိုယ်တိုင် အလိုပါခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်အတူ လူမျိုးစုများအပေါ်တွင် ကျူးလွန်ခဲ့သည်များကို တာဝန်ခံတောင်းပန်ကာ ယုံကြည်မှုနှင့် ရင်ကြားစေ့ရေးကို တည်ဆောက်ရန်လိုအပ်သည်။ 

နိုင်ငံတကာတွင်လည်း အစဉ်အဆက်အစိုးရများက ကျူးလွန်ခဲ့သည့် မှားယွင်းမှုများကို နောက်အစိုးရများက ပြန်လည်တောင်းပန်ပြင်ဆင်ခဲ့ကြသည့် သာဓကများလည်းများစွာရှိခဲ့ပြီး အမှားကိုဝန်ခံခြင်းသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်၏ သရုပ်လက္ခဏာတစ်ရပ်လည်းဖြစ်သည့်အပြင် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ခုကို စတင်မွေးဖွားခြင်းလည်းဖြစ်ပါသည်။

လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ တန်းတူညီမျှခြင်းစသည်တို့ကို အခြေခံသည့် စံတန်ဖိုးများကျင့်သုံးသည့် အနာဂတ်လူ့အဖွဲ့အစည်းတွင် အာဏာ၊ အင်အား၊ ဩဇာ စသည်တို့ကိုအသုံးချပြီး လူမျိုးစုများ၊ ပြည်သူများကို မတရားပြုကျင့်ခြင်းများ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိစေရန်နှင့် ဖြစ်ပွားခဲ့သည့် မတရားမှုများသည် မိမိတို့လူ့အဖွဲ့အစည်း၏မှားယွင်းမှုများအဖြစ် သင်ခန်းစာယူကြရန်အတွက် ရည်ရွယ်၍လူနှစ်သောင်းခွဲကျော်သေဆုံးခဲ့ရသည့် အဆိုးဝါးဆုံးသော လူမျိုးတုန်းသတ်ဖြတ်မှုကြီး စတင်ဖြစ်ပေါ်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့အား ရိုဟင်ဂျာလူမျိုးများအပါအဝင် တခြားသောဖိနှိပ်ခံလူမျိုးများစွာတို့ကို တောင်းပန်သည့်  National Apology Day အဖြစ် တရားဝင်အထိမ်းအမှတ်ပြုလုပ်ရန်အတွက် မိမိမှ တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

(Times မဂ္ဂဇင်းတွင်ဖော်ပြထားသော နိုင်ငံတော်အဆင့်တောင်းပန်ခြင်းကို ပြုလုပ်ခဲ့သည့် ထိပ်တန်းဖြစ်ရပ် ၁၀ ခုကို သွားရောက်လေ့လာနိုင်ပါသည်။ )

6,114

Support now

6,114

The Decision Makers

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
Petition updates