ဂျပန်နိုင်ငံသည် လူ့အခွင့်အရေး အကြိမ်ကြိမ် ချိုးဖောက်နေသာ မြန်မာစစ်တပ်ကိုစစ်သင်တန်းပေးနေ

The Issue

JP::

မြန်မာစစ်တပ်ကို စစ်ရေးလေ့ကျင့်မှုများ သင်ကြားပေးနေမှုအားလုံးကိုခြွင်းချက်မရှိရပ်တန့်ရန် ဂျပန်အစိုးရထံ တောင်းဆိုသည့်လုပ်ရှားမှု

၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ အံ့သြထိတ်လန့်ဖွယ်ရာ သတင်းရပ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ ဂျပန်ပါလီမန်ကော်မတီ အစည်းအဝေးမှာ ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က မြန်မာစစ်တပ် အရာရှိ တချို့ကို စစ်သင်တန်းပေးမှာဖြစ်ကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ စစ်ကောင်စီ၏ ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိတစ်ဦးတို့ကို ဂျပန်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေး အကယ်ဒမီ သင်တန်းကျောင်းတွင် လည်းကောင်း အခြားအရာရှိတစ်ဦးကို ဂျပန် လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ အရာရှိကျောင်းတွင် လည်းကောင်း လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာစစ်တပ် ဗိုလ်လောင်းများ နှင့် အမှုဆောင်အရာရှိ (တက်ကြွသော စစ်မှုထမ်းများ) များကို စစ်ရေးလေ့ကျင့်မှုကို ပေးအပ်နေခဲ့ပါတယ်။

ကာကွယ်ရေး အကယ်ဒမီကျောင်းမှာ ပညာသင်ကြားနေတဲ့ တပ်မတော်သား ဗိုလ်လောင်းများ တိုက်ပွဲအခြေခံများ၊ တိုက်ရိုက်ပစ်ခတ်မှုစွမ်းရည်များအပါအဝင် ပြောက်ကျားတိုက်ခိုက်ရေးစွမ်းရည်များပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတို့ကို လေ့လာရမှာဖြစ်ပါတယ်။ အမှုဆောင် အရာရှိများသည်လည်း အလားတူ လေ့ကျင့်မှုများကို ကာကွယ်ရေးတပ်ဖွဲ့ အရာရှိကျောင်းများတွင် လေ့လာရမှာ ဖြစ်ပါတယ်။

■ စစ်ကောင်စီသည် မြန်မာပြည်သူလူထုအားအပေါ် အင်အားသုံး ဖြိုခွင်းသတ်ဖြတ်မူများရှိနေသည်။

ယခင်နှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းရန်ကြိုးပမ်းနေခဲ့ပြီး လက်သင့်မခံသော ဒီမိုကရေစီလိုလားသော အရပ်သားပြည်သူများစွာကို အင်အားသုံး ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်မှုများပြုလုပ်ခဲ့သည်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက် ၂၀၂၂ ခုနှစ် ဧပြီလကုန်အထိ မြန်မာစစ်တပ်သည် အရပ်သားပြည်သူ ၁,၈၀၃ ဦးကို သတ်ဖြတ်ခဲ့ပြီး လူ ၁၀,၀၀၀ ကျော်ကို နိုင်ထက်စီးနင်း ဖမ်းဆီးခဲ့ကာ ကလေးနှစ်ဦးအပါအဝင် ၆၅ ဦးကို သေဒဏ် ချမှတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့များ၏ အချက်အလက်များက ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုင်ငံရေး အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုများထိပါ ပြုလုပ်နေကြောင်းလည်း ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းများ ထွက်ပေါ်လာပါတယ်။

ဂျပန်နိုင်ငံသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလက်ခံပြီး အမျိုးသား ကာကွယ်ရေးသင်တန်းကျောင်းတွင် လေ့ကျင့်ပေးခြင်း ဆိုသည်မှာ ဂျပန်အစိုးရသည်လည်း မြန်မာစစ်တပ်၏ဖြိုခွင်းမှုတွင် အလိုတူ အလိုပါ ပါဝင်ပတ်သတ်နေသည်ဟု ဆိုရပါတယ်။

■ ဂျပန်ကလေ့ကျင့်ပေးသော စစ်ကောင်စီတပ်သားများသည် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နိုင်ခြေရှိသည်။

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်း ကြိုးပမ်းမှုနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာစစ်တပ်၏ တောင်းဆိုချက်အရ ဗိုလ်လောင်း နှစ်ဦးနှင့် အမှုဆောင်နှစ်ဦးကို လက်ခံခဲ့မှုအပေါ် ကျွနိုပ်တို့ HRW မှ ကန့်ကွက်ကြောင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာနသို့ တိုက်ရိုက်သွားရောက်ခဲ့ပြီး တာဝန်ခံမှုအား တောင်းဆိုခဲ့ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုနှစ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်လက်ခံရန် ဆုံးဖြတ်ခဲ့သည်မှာ အာဏာသိမ်းကြိုးပမ်းမှုနောက် ဒုတိယအကြိမ် လက်ခံခဲ့ခြင်းဖြစ်တယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး Kishi က ဧပြီ ၂၆ ရက် ကော်မတီအစည်းအဝေးတွင် "အရပ်သား ထိန်းချုပ်မှုနဲ့ ဒီမိုကရေစီအကြောင်းကို လူတစ်ဦးတစ်ယောက်ကိုပဲဖြစ်ဖြစ် နားလည် သဘောပေါက်သွားအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။” ဆိုကာ ၎င်း၏ ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုမှုအပေါ် ကျွန်ုပ်တို့ လက်သင့်မခံနိုင်ပါ။

သင်၏ပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ပါသည်။

Teppei Kasai

Human Rights Watch သည် နိုင်ငံတကာ လူ့အခွင့်အရေး NGO တစ်ခုဖြစ်သည်။

This petition had 47,743 supporters

The Decision Makers

Nobuo Kishi(岸信夫)
Nobuo Kishi(岸信夫)
Minister of Defense

Petition Updates