Jan 31, 2018
အားလုံးပဲ မင်္ဂလာပါ။ ယခုလို ပူးပေါင်းပါဝင်ပေးကြလို့ အထူး ကျေးဇူးတင်ရပါတယ်။ ကျွန်တော်တို့ ချစ်တဲ့ မိုမိုတွေကို အခုလို လူအများကြီးက အလေးထားကြတာ တွေ့ရလို့ အရမ်းကို ဝမ်းသာမိပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ကျွန်တော်တို့ အဖွဲ့သားတွေ အနေနဲ့ မိုမိုတို့ ဘေးကင်းရေးအတွက် နောက်ကွယ်က လုပ်ငန်းတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။ ပြည်တွင်းက အမဲလိုက် သတ်ဖြတ်မှု အများဆုံး နေရာတွေမှာ ကင်းလှည့်ဖို့အတွက် ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်း ၄၅ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး နောက်ထပ်လည်း ဆက်လုပ်သွားဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က WWF-မြန်မာ အနေနဲ့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နဲ့ ရွှေတိဂုံစေတီတော် စောင်းတန်းများက ဈေးဆိုင်ရှင်တွေကို တွေ့ဆုံပြီး တောရိုင်းတိရစ္ဆာန်ထွက် တရားမဝင် ပစ္စည်းတွေ ရောင်းချနေတာ ရပ်တန့်နိုင်ရေး ပူးပေါင်း ဆောင်ရွက်မှုကို စတင်ခဲ့ပါတယ်။ ဒါဟာ ရန်ကုန်မြို့ကို တောရိုင်းတိရစ္ဆာန်ထွက် တရားမဝင်ပစ္စည်း ကင်းစင်တဲ့ မြို့ ဖြစ်စေရေးအတွက် ပထမဆုံး ခြေလှမ်းတစ်ခုပါပဲ။ ဒီဆန္ဒပြုလက်မှတ်ထိုးတဲ့ အစီအစဉ်လေးကို ဆက်လက် မျှဝေပေးပါ။ သင့် သူငယ်ချင်း၊ မိသားစုနဲ့ မိုမိုတို့ကို ချစ်တယ်လို့ သင်ထင်တဲ့ သူတွေ အားလုံးစီကို ပို့ပေးပါ။ သင့်အနေနဲ့ လက်မှတ်ထိုး ပုံစံကို ကူးယူပြီးလည်း ကိုယ်တိုင် ဆန္ဒပြုလက်မှတ်တွေ ကောက်ခံပေးလို့လည်း ရပါတယ်။ ပုံစံကို print ထုတ်ယူ၊ လက်မှတ်တွေ ရယူပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား ပြန်လည်ပေးပို့ရုံပဲ ဖြစ်ပါတယ်။ လက်မှတ်ထိုး ပုံစံနဲ့ ဘယ်လို လုပ်ရမယ်ဆိုတဲ့ အသေးစိတ်ကို အောက်မှာ တွေ့ရတဲ့ ကျွန်တော်တို့ရဲ့ Facebook စာလွှာမှာ ဖတ်ရှု ရယူနိုင်ပါတယ်။ https://www.facebook.com/voicesformomos/photos/a.126658014715818.1073741829.121130775268542/145962549452031/?type=3&theater လက်မှတ်တွေ များများရလေ၊ ပြည်တွင်းမှာ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု ရပ်တန့်ရေးအတွက် ပိုလုပ်နိုင်လေပဲ ဖြစ်ပါတယ်။ အားလုံး အတူလုပ်ဆောင်ကြရင် ကျွန်တော်တို့ရဲ့ မိုမိုတွေကို ကယ်တင်နိုင်မှာပါ။ Hello everyone! Thank you so much for your support. It's great to see that so many people deeply care about our beloved momos. In the past few months, we've been working behind the scenes to keep our momos safe. We've trained 45 rangers to patrol the country's poaching hotspots, and we're going to do more training soon. Last week, WWF-Myanmar met with Shwe Dagon Pagoda Trustee Committee members and shop owners to start a collaboration to end the illegal wildlife sales at Shwe Dagon Pagoda market. This is the first step to an illegal wildlife free Yangon. Please keep sharing our petition. Send it to your friends, your family, and everybody you know who cares about momos! You can also download a petition sheet to gather signatures yourself. Print it, get out there, and send it back to us by 15th February! You'll find the template and more details on how to do this in our Facebook post below. https://www.facebook.com/voicesformomos/photos/a.126658014715818.1073741829.121130775268542/145962549452031/?type=3&theater The more signatures we have, the more we can do to end illegal wildlife trade in our country. Together, we can save our momos!
Copy link
WhatsApp
Facebook
Nextdoor
Email
X