Free Burma/Myanmar Peace Activistsငြိမ်:ချမ်းရေးအတွက် ဆန္ဒပြသူတွေကို ချက်ချင်းလွှတ်ပေး

0 have signed. Let’s get to 100!

သို့

မိတ်ဆွေများ…..

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလိုလားသောအရပ်သားအစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှားမှု များသည် ရာဇ၀တ်ပြစ်မှု ဖြစ်လာခဲ့ပါသည်။။

၂၀၁၈ ခုနှစ် မေလ တစ်လတည်းတွင် ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုကြောင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ၅၀ ဦးခန့် အမှုဖွင့် တရားစွဲဆိုခြင်းနှင့် ထောင်တွင်းအကျဉ်းချခြင်းများကို ရင်ဆိုင်နေရပါသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုလွမ်းဇောင်းမှာ ပိတ်မိနေသော အပြစ်မဲ့ပြည်သူ ၂၀၀၀ ကျော်ကို လုံခြုံဘေးကင်းသည့်နေရာသို့ ပို့ဆောင်ခွင့်ပေးရန် တောင်းဆိုမှုကြောင့် ကချင်ပြည်နယ် ပြည်သူ့ရဲမှ တရားလိုပြုလုပ်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၉  အရ တရားစွဲဆိုခံခဲ့ရပြီး၊ လက်ရှိတွင် မြန်မာတပ်မတော် အရာရှိတဦးမှ  ရာဇသတ်ကြီး ပုဒ်မ- ၅၀၀ အရ အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းကို တရားရုံးတွင် တရားရင်ဆိုင်နေရပါသည်။ အဆိုပါပုဒ်မဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် ကျခံနိုင်ဖွယ်ရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ၂၀၁၈  ခုနှစ် ဧပြီလမှ စတင်ပြီး မြန်မာ့တပ်မတော်မှ တဖန်ထိုးစစ်ဆင်တိုက် ခိုက်မှု ပြုလုပ်လာသောကြောင့် စစ်ပွဲဖြစ်ပွားသည့်ဒေသအတွင်း ပြည်သူ ၂၀၀၀ ကျော်ခန့် ပိတ်မိနေခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်တာအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရှောင်ဒုက္ခသည် ဦးရေ ၁၂၀ ၀၀၀ ကျော် ရှိနေပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် စစ်ပွဲအတွင်းပိတ်မိပြည်သူများ လွတ်မြောက်စေရေး တောင်းဆိုမှုများကို ကိုလွမ်းဇောင်းနှင့်အတူ ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ချင်းပြည်နယ်တို့မှ လူငယ်မိတ်ဆွေများမှ ဆန္ဒပြတောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြသည်။ သို့သော် ထိုငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများအား မြန်မာအာဏာပိုင်များမှ အကြမ်းဖက်သောနည်းဖြင့် ဖြိုခွင်းခဲ့ပြီး ဆန္ဒထုတ်ဖော်သူအယောက် ၅၀ ဦးခန့်ကို ဖမ်းစီးအရေးယူခဲ့ပါသည်။

ဤလုပ်ရပ်အားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလိုလားသောအရပ်သားအစိုးရ လက်ထက်တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ

အတွက် လုံခြုံမှုမရှိသည့်အပြင် ကြီးမားသော အန္တရာယ်ရှိနေသေးသည်ကို အထင်းသားပေါ်လွင်စေပါသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအားလုံးနှင့် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုပါသည်။

မြန်မာ့တပ်မတော်မှ အပြစ်မဲ့ပြည်သူများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကိုရပ်တန့်ရန်နှင့် ပြည်တွင်းစစ်ရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ခြင်းကို ခွင့်ပြုပေးပါရန် တောင်းဆိုပါသည်။

Today: Kyaw is counting on you

Kyaw Win needs your help with “Myanmar government: Free Burma/Myanmar Peace Activistsငြိမ်:ချမ်းရေးအတွက် ဆန္ဒပြသူတွေကို ချက်ချင်းလွှတ်ပေး”. Join Kyaw and 54 supporters today.