Telenor Wireless Broadband Users

2,106 supporters

    Started 1 petition

    Petitioning စားသုံးသူရေးရာဦးစီးဌာန , Lars Erik Tellmann

    Telenor Wireless Broadband ကို အရေးယူပေးရေး။

    Telenor Wireless Broadband ဝန်ဆောင်မှူကို Telenor Company မှ Unlimited Data,5Mbps မြန်နှူန်းဖြင့် အသုံးပြုခွင့် ရက် ၉ဝအတွက် ဝန်ဆောင်မှူစတင်စဉ်မှာ ၇၅၀၀၀ ကျပ်ဖြင့်လည်းကောင်း သက်တမ်းတိုးခြင်း ရက် ၉၀ အတွက် ၇၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ကောက်ခံခဲ့ပါသည်။ သို့သော် ၂၀၁၈ အောက်တိုဘာလမှ စတင်ပြီး Unlimited Data အသုံးပြုခွင့်အစား တနေ့လျှင် 10GB Data quota ကိုသာ 5Mbps မြန်နှူန်းဖြင့် အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း 10GB Data quota ကုန်ဆုံးသွားပါက 512kbps မြန်နှူန်းဖြင့်သာ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ထို့နောက်တွင်မူ ၂၀၁၉ ဇန်နဝါရီ ၈ရက်နေ့တွင် ၎င်းတို့၏ website တွင် ကြေငြာထားသည်မှာ ရက် ၃၀ အတွက် 111 GB data quota ကိုသာ မြန်နှူန်း 5Mbps ဖြင့် ရရှိတော့မည်ဖြစ်ပြီး ရက် ၃၀ အတွင်း 111 GB Data quota ကျော်လွန်ပါက 512 kbps မြန်နှူန်းဖြင့်သာ ရက် ၃၀ ပြည့်သည်အထိ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။ ထိုဖော်ပြချက်အရ ၎င်းတို့၏ Telenor Broadband ကြော်ငြာတွင် Unlimited Data ပမာဏကို 5Mbps မြန်နှူန်းဖြင့် အသုံးပြုခွင့်ရမည်ဟု ယုံမှားဖွယ် လိမ်လည် ကြော်ငြာပြီး သုံးစွဲသူများကို လိမ်ညာနေသည်မှာ ပေါ်လွင်နေပါသည်။ စာသုံးသူ ကာကွယ်ရေး ဥပဒေ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် တားမြစ်ချက်(ည) တွင် ဖော်ပြပါရှိသည့် (ကြော်ငြာနှင့်အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှူမရှိသော ဝန်ဆောင်မှူ) ဟူသည့် ဖော်ပြချက်နှင့် ညိစွန်းနေပါသည်။ ဥပဒေအကြောင်းအရာအရ အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။

    Telenor Wireless Broadband Users
    2,106 supporters